ကျေးဇူးတင်လွှာ

ဒီရက်ပိုင်း ကျွန်တော် ဘလော့မှာ ပို့စ် တွေမတင်ဖြစ်ပါဘူး..  လွန်ခဲ့တဲ့ 1.11.2012 ရက်နေ့က ထိုင်းမှာနေတဲ့ ကိုရဲဝင်းထွန်းက ကျွန်တော့်ကို Domain တစ်ခုဝယ်ပေးပါတယ်.. ၂နှစ်စာပါ.. ကျွန်တော့်ကို အကျိုးပြုတဲ့ ပို့စ်တွေ ရေးသားနိုင်အောင်လို့ပါ..  ကျွန်တော့်ကို ကိုရဲဝင်းထွန်း ဒိုမိန်းဝယ်ပေးတဲ့နေ့ကစပြီး ကိုရဲဝင်းထွန်းလည်း အလုပ်ပျက်အကိုင်ပျက်နဲ့ ဖြစ်တော့တာပါပဲ.. ဘာဖြစ်လို့လဲဆိုတော့ ၀ယ်ထားတဲ့ ဒိုမိန်းက login ၀င်လို့မရလို့ ကုမ္ပဏီကို ကိုရဲဝင်းထွန်းက သွားပြီး ချဲလင့်လုပ်ရသေးတယ်.. Login ၀င်လို့ ရပြန်တော့ အခု ကျွန်တော်ရေးထားတဲ့ Blog နဲ့ ချိတ်လို့မရပြန်ဘူး.. သူတို့ရောင်းတဲ့ ဒိုမိန်း က Host မလုပ်လို့ကို မရတဲ့ ဒိုမိန်းဖြစ်နေပါတယ်.. Website လောကမှာ အတွေ့အကြုံရှိလှတဲ့ ကိုညီနေမင်းကိုယ်တိုင် ကျွန်တော့် ဒိုမိန်းကို ဘလော့နဲ့ချိတ်ဆက်ဖို့လုပ်ပါတယ်. မရပါဘူး.. ဒီတော့ ၀ယ်ထားတဲ့ ဒိုမိန်းကို အဆုံးခံမလား… ဒါဆိုရင်တော့ ၀ယ်ပေးတဲ့လူကို ကျွန်တော် စော်ကားရာရောက်လိမ့်မယ်.. အခု ကျွန်တော် Host ၀ယ်ဖို့ မတောင်းဆိုရဲတော့ပါဘူး.. ဒိုမိန်းအသစ် ၀ယ်ပေးဖို့တောင်းဆိုမိရင် ကျွန်တော် သိပ်မိုက်မဲရာကျမယ်.. Host က သိပ်ဈေးကြီးတယ်.. ဒီတော့ အလကားရပြီး Storage များများ၊ Bandwith များများ ပေးနိုင်တဲ့ ၁နှစ်ဖရီးမှာ Host လုပ်ပြီး Wordpress နဲ့ရေးဖို့ ကြိုးစားနေပါတယ်.. ကျွန်တော်က ဘလော့မှာသာ နည်းနည်း တီးခေါက်မိတာ.. Website တစ်ခုကို စလုပ်ရတော့မယ်ဆိုတော့ ယောင်ဝါးဝါးပါပဲ.. အခု ဒီဘလော့မှာ တင်ထားတဲ့ ပို့စ် အားလုံးကို ကျွန်တော် အခု စရေးမယ့် Website ဆီကို တစ်ခုချင်း ပြန်ရေးပါမယ်… ရေးပြီးရင်တော့ ဒီနှစ်တစ်နှစ်လုံး အဲဒီ မှာပဲရေးပါတော့မယ်.. ဒါကြောင့် ဒီရက်ပိုင်း ကျွန်တော် ပို့စ်မတင်နိုင်တာဖြစ်ပါတယ်..

ကျွန်တော့်ကို ဒိုမိန်းဝယ်ပေးတဲ့ ကိုရဲဝင်းထွန်း(ထိုင်း)၊ ကျွန်တော် ပူဂျီပူဂျီလုပ်သမျှကို စိတ်ရှည်သည်းခံပြီး လုပ်ပေးရှာတဲ့ ကိုညီနေမင်း၊ ကျွန်တော့် ဘလော့ကို လာရောက်ကြတဲ့ မိတ်ဆွေများကို ကျွန်တော် အထူး ကျေးဇူးတင်ပါကြောင်း ဒီပို့စ်လေးကို ရေးသားတင်ပြလိုက်ပါတယ်..ကျွန်တော် Website အသစ်ကို ရေးသားပြီးတဲ့အခါ လိပ်စာပေးပါ့မယ်.. အခုရက်ပိုင်း အချိန်ရရင် ရသလောက် ကျွန်တော် တင်ပေးသွားပါ့မယ်….

အားလုံးကိုလေးစားလျက် မောင်ပေါက်