www.maungpauk.com ကို ရေးသားလိုက်ပါပြီ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာနေတဲ့ ကိုရဲဝင်းထွန်း ၀ယ်ပေးတဲ့ www.maungpauk.com ကို ဒီနေ့ ညနေ 33း0 မှာ လွှင့်တင်လိုက်ပါပြီ… komaungpauk.blogspot.com ရဲ့ ပို့စ်တွေအားလုံး၊ Comment အားလုံးနဲ့ Cbox တစ်ခုလုံးကို www.maungpauk.com ဆီပို့ပေးလိုက်ပါပြီ.. အခု ရေးသားနေတဲ့ komaungpauk.blogspot.com ကို နောက်လ မှာ ရပ်တန့်ပြီး.. www.maungpauk.com မှာပဲ ဆက်ရေးမှာ ဖြစ်ပါတယ်….komaungpauk.blogspot.com ကို 2012ခုနှစ်၊ ဧပြီလ 10 ရက်နေ့မှာ စတင်ရေးသားခဲ့ပါတယ်.. ဒီကြားထဲ သင်တန်း ၃လခွဲတက်လိုက်ရတဲ့အတွက် ပို့စ်တွေ မတင်ပေးနိုင်ခဲ့ပါဘူး… ဘလော့ကို သိပ်မရင်းနှီးသေးတာလည်းပါပါတယ်.. အဲဒီနောက် www.maungpauk.co.cc ကိုလည်းတင်ပေးလိုက်ပါသေးတယ်.. အခုတော့ co.cc က လုံးဝ မရတော့ပါဘူး.. ကျွန်တော် ဘလော့ စရေးစဉ်ကတည်းက လာလည်ကြတဲ့ မိတ်ဆွေများ၊ ကူညီအားပေးကြတဲ့မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်.. ဒီနေ့ ဒီအချိန်ထိ ဒီပို့စ် အပါအ၀င် ဒီဘလော့မှာ ပို့စ် (300) ရေးသားခဲ့ပါတယ်.. လာလည်ကြသူအရေအတွက်ကတော့ 22142 ဦးဖြစ်ပါတယ်.. ကျွန်တော် ရေးသားတဲ့ပို့စ်တွေဟာ သူများဆီက ယူလာလည်းဖြစ်မယ်.. ကျွန်တော်ကိုယ်တိုင် သိလို့ တင်ပေးတာလည်း ဖြစ်မယ်.. ဒါတွေဟာ ကိုယ့်နိုင်ငံသားတွေအတွက် တစ်နေရာက အကူအညီ ဖြစ်တယ်ဆိုရင် ဒီဘလော့ရေးရတာ အကျိုးရှိပါတယ်..
www.maungpauk.com မှာ ဒီထက်ပြည့်စုံကောင်းမွန်တဲ့ ပို့စ်တွေကို တင်ပေးသွားမှာဖြစ်ပါတယ်… ဝေဖန်ပေးပါ.. အကြံပေးပါ.. မိတ်ဆွေတို့ရဲ့ဝေဖန်မှု ၊ အကြံပေးမှုတွေဟာ ကျွန်တော်တို့ နိုင်ငံသားတွေအတွက် အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းစေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်.. အားလုံးကျေးဇူးတင်ပါတယ်…
ဒီနေရာကနေ www.maungpauk.com ကို သွားနိုင်ပါတယ်..