MSE Offline Update လုပ်နည်း

Microsoft Security Essential (MSE) ဟာ Microsoft က အလကားပေးတဲ့ Antivirus ဆိုတာ လူတိုင်းသိပါတယ်.. ဒါပေမယ့် Internet ဆက်သွယ်မထားတဲ့ ကွန်ပျူတာမှာ MSE ကို ဘယ်လို Update လုပ်မလဲ.. ဒါ သိပြီးသားလူတွေအတွက် လွယ်ပေမယ့် မသိသေးရင်တော့ တော်တော်ဂွကျတယ်ဗျ..
ကဲ.
ပထမဆုံး ကိုယ့်ကွန်ပျူတာမှာ သုံးထားတဲ့ Windows က 32 bit လား 64 bti လား အရင်သိထားရပါ့မယ်..
ပြီးတော့ Windows က genuine မဖြစ်ရင်တော့ MSE က အလုပ်မလုပ်ပါဘူး..  ကျွန်တော့် ဆိုဒ်မှာတော့ Activator တွေကို Keygen and key ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှာကြည့်နိုင်ပါတယ်…
Windows က genuine ဖြစ် မဖြစ်နဲ့ 32 bit လား 64 bti လား ဆိုတာကို အလွယ်ဆုံးနဲ့ My Computer ကို Right Click ထောက်ပြီး Properties ကို ကြည့်ရင် သိနိုင်ပါတယ်… Windows က genuine မဖြစ်သေးရင်တော့ Activator တစ်ခုခုဒေါင်းပြီး အရင် လုပ်လိုက်ပါအုံး…
ပြီးရင် ကိုယ့် Windows Operating System အလိုက် MSE ကို အောက်မှာ ဒေါင်းလိုက်ပါ…
ဒါက MSE 64 bitဒါက MSE 32 bitကဲ MSE  Software ရပြီ ဆိုရင် အောက်မှာ Update File ကို ဒေါင်းလိုက်ပါအုံး….
ဒါက 32 bit အတွက် Update ဖိုင်ဒါက 64 bit အတွက် Update ဖိုင်ကဲ ဒေါင်းပြီးသွားရင် အဲဒီ Update ဖိုင်ကို Right Click ထောက်ပြီး Run as Administrator ကိုနှိပ်ပြီး Update ကို Install လုပ်လိုက်ရုံပါပဲခင်ဗျာ…. 
အဆင်ပြေကြပါစေ..မောင်ပေါက်