Windows 8 မှာ Start Menu ကို Classic Style သို့ အလွယ်ပြောင်းနည်း
ကျနော့ရဲ့ ဘလော့မိတ်ဆွေများထဲက ဝင်းဒိုး ၈ ကိုပြောင်းသုံးခြင်း ဒါမှမဟုတ် Windows 8 Developer Preview စမ်းသပ်သုံးစွဲမှု မျိုး ရှိပြီးကြပြီလို့ ကျနော်ယူဆပါတယ် ။
ကျနော်ယုံကြည်တာကတော့ ပရိုဂရမ်တွေကို ခေါ်ယူသုံးစွဲတဲ့ အခါမှာ နည်းနည်းကြောင်တောင်တောင် ဖြစ်နေကြပါလိမ့်မယ် ။ အထူးသဖြင့် (Start Menu) ကိုအသုံးပြုကြရာမှာ
ဝင်းဒိုးဗားရှင်းအဟောင်းတုန်းကလိုမဟုတ်ပဲ ဘယ်နေရာကို နှိပ်ပြီး ဘယ်ကနေ ဝင်ရမှန်းမသိဖြစ်နေကြမှာပါ ။ ဒါကြောင့်ပဲ ဒီနေ့တော့ Window Regestry က Text Editor ကိုပြုပြင်ပြောင်းလဲမှုလေးတွေလုပ်ပြီး ဘယ်လိုလွယ်ကူအောင်လုပ်မလဲဆိုတဲ့နည်းလေးကို တင်ပြပေးလိုက်ပါတယ်။ ဝင်းဒိုးမျက်နှာပြင်ရဲ့ဘယ်ဘက်အောက်ဒေါင့်မှာ မောက်(စ်)ပွိင့်တာ လေးကိုသွားထားလိုက်ရင် ပုံပါအတိုင်း Menu တက်လာပါက Search ခေါင်းစဉ်ကိုနှိပ်ပါ ။
Search Apps အကွက်ထဲမှာ Regedit လို့ ရေးလိုက်ပြီး ဘယ်ဘက်အခြမ်းကိုသတိထားကြည့်လိုက်ပါ regedit ဆိုတာတက်လာရင် နှိပ်လိုက်ပါ ။
UAC သတိပေးမက်ဆေ့(ဂ်ျ)တက်လာရင် Yes ကိုနှိပ်ပါ ။
Registry Editor မျက်နှာပြင်တက်လာရင် အောက်ကဖိုင်လမ်းကြောင်း အတိုင်း သွားလိုက်ပါ ။ HKEY_CURRENT_USER \ Software \ Microsoft \ Windows \ CurrentVersion \ Explorer
ပြီးနောက် RPEnabled ကို Double Click ပေးပြီး Value data: 1 ကို 0 ပြောင်းပေးလိုက်ပါ ။ OK နှိပ်ပြီး Registry Editor ကိုပိတ်လိုက်ပါ ။
အဲဒီလိုပြုပြင်ပြောင်းလဲမှုလေးလုပ်ပေးလိုက်ယုံနဲ့ Rastart ချစရာမလိုပဲ မိတ်ဆွေတို့ရဲ့ Start Menu ကို
Window ဗားရှင်း အဟောင်းတုန်းကအတိုင်း ပြန်အသုံးပြုလို့ရသွားမှာပါ ။
Credit to: IT Guide Myanmar