ကျွန်တော်အခုလေးတင်ကလိပြီးတွေ့ရှိထားတဲ့နည်းပညာအဟောင်းလေးပါ။ လုပ်နည်းကတော့ ဘာ software မှမလိုပါဘူး။(Nero ဆော့ဝ်လ်တောင်မလိုပါဘူး) Windows 7 စက်တိုင်းမှာ လုပ်နည်းကိုရှာတွေ့ထားပါတယ်။ လုပ်နည်းကတော့အရှင်းလေးပါပဲ။ ခင်ဗျားတို့ဆီမှာ အခွေအလွတ်(ဘာဖိုင်မှမထည့်ရသေးတဲ့အခွေ) တစ်ချပ်ပဲလိုအပ်တာပါ။ Compact Disc RW Drive ဆိုတာက အခွေထည့်လို့ရသလို၊ ထုတ်လို့ရတဲ့စက်လိုပါတယ်။ တစ်ချို့စက်တွေကဖြုတ်ထားတဲ့အတွက် ခင်ဗျားတို့ အခွေ burn လို့မရတာ စိတ်မကောင်းပါဘူးဗျာ။
Requirements (လိုအပ်တာတွေလေးတွေပါ)- Windows 7 (64 bits or 32 bits)
- CD [or] DVD
- Compact Disc RW Drive
လွယ်လည်းမလွယ်သလို၊ ခက်လည်းမခက်ပါ။ အခွေရှိလျှင် အသုံးဝင်တဲ့အခွေဖြစ်ဖို့နည်းရှိပါတယ်။
သတိ ။ ။ ပုံများရှင်းရှင်းလင်းလင်းမမြင်ရပါက ပုံကို click ပြီးကြည့်ပါ။အခွေထည့်တဲ့နေရာမှာ မိမိတို့ရဲ့ အခွေအလွတ် တစ်ချပ်ကိုထည့်လိုက်ပါ။ ခဏစောင့်ပါ။ ဒီ Autoplay တက်လာပါလိမ့်မယ်။ ပြီးတာနဲ့
Burn files to disc ကို click လိုက်ပါ။
ဒီ box လေးပေါ်လာပါမယ်။
Disc title: က မိမိနှစ်သက်ရာခေါင်းစဉ်လေးပေးပါ။
With a CD/DVD player ကိုရွေးပါ။ တခြား ဘာမှမရွေးပါနဲ့။ ပြီးရင် Next ကို click ပါ။
အဲ့အခွေချပ်လေးနဲ့ စာတစ်ခုတွေ့ပါလိမ့်မယ်၊ ကျွန်တော်အနီရောင်ပြထားတာပါ။
Drag files to this folder to add them to the disc. လို့ပေါ်လာရင်မိမိထည့်လိုရာ ဖိုင်တွေကို အခွေရဲ့ GB ဆန့်သည်အထိထည့်လို့ရပါတယ်။
မိမိကူးလိုသောဖိုင်ရဲ့ folder ကိုဖွင့်ပြီး အခွေရှိရာ folder သို့ထည့်ပါ။ ကြိုက်သလောက်ထည့်ပါ။ အခွေဆန့်တဲ့အထိပဲနော်။
ဖိုင်တွေအကုန်ထည့်ပြီးတော့
Burn to disc ကို click လိုက်ပါ။
Disc title: မှာမိမိနှစ်သက်ရာခေါင်းစဉ်ပေးပါ။
Recording speed: ကတော့ မိမိအဆင်ပြေသလိုပြင်ပါ။
8x ကတော့ နဂိုဟာပါ။ ကျွန်တော်အကြံကတော့ မပြင်တာအကောင်းဆုံးလို့ထင်ပါတယ်။
Next ကို click ပေးပါ။
ပြီးရင်စိတ်ရှည်ရှည်နဲ့စောင့်ပေါ့နော်။
အဆင်ပြေပါစေ။
Credit to ပြည့်ဖြိုး…..