TeamViewer သုံးနည်း ကျွန်တော် သိသမျ

pying soe


ကိုပေါက်ရေ မတွေကြာတာအရမ်းကြာပါပြီး
     အကူအညီးတောင်ခြင်လိုပါ ။ကျွန်တော်ကို tream viewer အသုံးပြုနည်ကိုတစ်ချက်ပြောပြပါလား။  ဟုတ်ကဲ့.. ကျွန်တော်သိသလောက်နဲ့ လေ့လာမိသလောက်ကတော့1.TeamViewer ကိုသုံးမယ်ဆိုရင် သုံးမယ့်စက်နှစ်လုံးစလုံးဟာ Network ချိတ်ဆက်ပြီးသား ဖြစ်ရပါမယ်..(TeamViewer ကို Install လုပ်တာတော့ ဒီမှာ ဒါမှ မဟုတ် ဒီမှာ ဒေါင်းနိုင်ပါတယ်.. ဒါပေမယ့် နောက်ပိုင်းမှာ ထွက်လာတဲ့ Software Install လုပ်နည်းတွေကတော့ နည်းနည်းကွာပါတယ်..  )2.TeamViewer ကို Run လိုက်ရင် မိမိစက်ရဲ့ ID နံပတ်နဲ့ Password ကိုတွေ့ရမှာဖြစ်ပါတယ်.. အဲဒီလိုပဲ တစ်ခြားစက်မှာလည်း သူ့ရဲ့ ID, Password ပေါ်နေမှာဖြစ်ပါတယ်.. အဲဒီ ID နဲ့ Password ကို ချိတ်ဆက်မယ့် စက်အချင်းချင်းသိရပါမယ်.. (ဖုန်းနဲ့ဖြစ်ဖြစ်.. အီးမေးနဲ့ဖြစ်ဖြစ် ပို့ကြတာများပါတယ်)3.ကိုယ်ကထိန်းချုပ်ချင်တယ်ဆိုရင်တော့ Partner ID မှာ အခြားကိုယ်နဲ့ဆက်သွယ်မယ့်စက်ရဲ့ ID ကိုရိုက်ထည့် ပေးရမယ်.. ပြီးရင် Connect to Partner ကိုနှိပ်လိုက်ပါ.. Password ထပ်တောင်းပါတယ်.. သူ့ရဲ့ Password ကို ရိုက်ထည့်လိုက်ရင် ဆက်သွယ်လို့ရသွားပါပြီ..  ဒါဆိုရင် ကွန်ပျူတာနှစ်လုံး ဖိုင်တွေပို့လို့ရပြီ.. Chat လုပ်လို့ရပြီ.. media file တွေ Share လုပ်သုံးလို့ရပါပြီ.. File ပို့ချင်တယ်ဆိုရင်တော့ File Transfer နှိပ်ပြီး ပို့လို့ရပါတယ်.. လက်ခံမယ့်လူက လက်ခံမယ့်နေရာကို သတ်မှတ်ပေးရပါတယ်..
ကျွန်တော်သိလောက်ကတော့ဒီလောက်ပါပဲ.. လေ့လာနေဆဲပါ.. ဒီထက်ပိုရှင်းပြနိုင်ရင် ထပ်ပြောပါ့မယ်..
TeamViewer 8 Portabe ကို ဒီမှာ တင်ပေးထားပါတယ်.. အဆင်ပြေပါစေ