Google Play က Apk တွေကို PC ကတဆင့် ရအောင် ဒေါင်းချင်တယ်
အများစုက မေးလေ့ရှိတယ်ဗျ။ Google Play က Apk စစ်တွေကို PC ကနေ ဘယ်လိုဒေါင်းရမလဲ။ ဘယ်လိုဒေါင်း ရတယ် ဆိုတာ မပြောခင် ဒီ Tutorial နဲ့ ပက်သက်ပြီး မရှုပ်ထွေးရအောင် အစီစဉ်တွေကို အရင် ရှင်းပြသွားမှာပါ။Android ကိုင်တဲ့ သူအားလုံးက တခြား Store တွေထက် လိုချင်တဲ့ application တွေ၊ ဂိမ်းတွေ၊ widget တွေ၊ Wallpaper တွေ စသည်ဖြင့် ပေါ့ဗျာ။ ပိုက်ဆံပေးရတာပဲဖြစ်ဖြစ်၊ မပေးရတာပဲ ဖြစ်ဖြစ် Google Play က ဒေါင်းရတာကို ပိုပြီးစိတ်ချကြတယ်၊ ပိုပြီးလည်း ကြိုက်ကြတယ်။ အဲ့ဒီလို အချိန်မှာ ကိုယ်က Android ကိုသုံးပြီး Download မယ်ဆိုရင်တော့ ဘာမှ ရှုပ်ထွေးစရာလည်း မရှိဘူး။ ဒီလိုမှမဟုတ်ပဲ PC သုံးနေရာကနေ ဒေါင်းချင် တယ် ဆိုရင်တော့ ကျွန်တော် အောက်မှာ ဖော်ပြပေးထားတဲ့ အဆင့်တွေအတိုင်း ပြုလုပ်ပြီး ဒေါင်းယူနိုင်ပါတယ်။ကျွန်တော် အခု စပြီး ဘာတွေလိုမယ်၊ ဘယ်လိုတွေ လုပ်ရမယ် ဆိုတာ စပြောပါမယ်။ ကျွန်တော့် Tutorial က သူများ Tutorial တွေနဲ့တော့ သိပ်တူချင်မှ တူမယ်။ ဒါပေမယ့် အလုပ်တော့ ဖြစ်တယ်။ လိုအပ်လို့ပဲ ဖြစ်ဖြစ်၊ မလိုရင်ပဲ ဖြစ်ဖြစ်ပေါ့၊ မစမ်းကြည့်ချင်ဘူးလား။ စမ်းကြည့်ချင်တယ် ဆိုရင်တော့ ရှေ့ဆက်ဖတ်ပေတော့။လိုအပ်ချက်တွေ က ကော ဘာတွေလဲ။
သေချာတာက ကိုယ် သုံးနေတဲ့ Computer က အင်တာနက် ချိန်ဆက်ပြီးသားဖြစ်ရပါမယ်။ ပြီးတော့ Real Apk Leacher ဆိုတာရယ်။ ဒီနေရာ မှ တဆင့် ဒေါင်းလော့ဒ် လုပ်ယူနိုင်ပါတယ်။ အဲ့ဒီ Real Apk Leacher အလုပ်လုပ် ဖို့အတွက်java runtime environment 1.5.0 ကို ဒေါင်းယူပါ။ကဲ..ဒီလောက် ဆိုအားလုံးအဆင်အသင့်ဖြစ်ပြီးလို့ ထင်ပါတယ်။ ထပ်ဆက်ရအောင်။
အပေါ်က ကျွန်တော် ပြောခဲ့တဲ့ Real Apk Leecher ကိုဒေါင်းပြီးပြီ ဆိုရင် ဖြည်လိုက်ပါ။ အထဲမှာ .exe ဖိုင် တစ်ခုပဲ ရှိပါတယ်။ မမေ့ဖို့တစ်ခုက ကျွန်တော်တို့ Real Apk Leecher ကို အသုံးပြုနိုင်ဖို့ ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့အတိုင်း JRE 1.5.0 ကို ကိုယ့်စက်မှာ run ပြီးသား ဖြစ်ရပါမယ်။
Credit to မောင်သက်
မောင်ပေါက်ရဲ့ ဖြည့်စွက်ချက်
1.Real APK Leecher ဒေါင်းရန် အတွက် လင့်နှစ်ခုမှာ ထပ်တင်ပေးထားတယ်
Download From Solidfiles or Ziddu2.Java Enviroment ဒေါင်းရန် အတွက် လင့်နှစ်ခုမှာ ထပ်ပေးထားတယ်
Download From ဒီမှာသွားပြီး ကိုယ့်စက်ရဲ့ OS နဲ့ကိုက်ညီတာဒေါင်းပါ or ဒီမှာလည်းဒေါင်းနိုင်တယ်3.Device ID ဒေါင်းရန် အတွက် လင့်နှစ်ခုမှာ ထပ်တင်ပေးထားတယ် (Device ID.apk ကို မိမိ ဖုန်းမှာထည့်ပြီး Run ပေးရမှာဖြစ်ပါတယ်.. ဖုန်းမှာ Internet ရှိဖို့လိုပါတယ်..)
Download From Solidfiles or SendSpace အဆင်ပြေကြပါစေ… မောင်ပေါက်