GSM 1 သိန်း ၊ WCDMA ကို - ၁၂၀၀၀၀ဖြင့် ဇန်နဝါရီလ (၈) ရက်နေ့ စတင်ရာင်းမည်
GSM 1 သိန်း ၊ WCDMA ကို - ၁၂၀၀၀၀ဖြင့် ဇန်နဝါရီလ (၈) ရက်နေ့ စတင်ရာင်းမည်
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တန်ဖိုးနည်းဖုန်းများဖြစ်သော GSM, WCDMA များကို ဇန်နဝါရီလ (၈) ရက်တွင် စတင်ရောင်းချသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သင်တန်းကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး၏ ပြောကြားချက်အရ သိရသည်။ “ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ နေပြည်တော်၊ မော်လမြိုင်မြို့တွေမှာ ဖုန်း (၁) သန်းကျော် ချပေးမှာ ဖြစ်ပါတယ်။ တန်ဖိုးကတော့ GSM ကို (၁) သိန်းကျပ် WCDMA ကို (၁၂၀၀၀၀) ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ရောင်းချသွားမယ့် နေရာကတော့ Elite ရတနာပုံတယ်လီပို့နဲ့ဆက်သွယ်ရေးတွေမှာ ရောင်းချသွားမှာပါ။ ဖုန်းဝယ်ယူသူတွေ ပိုမိုအဆင်ပြေ ဝယ်ယူနိုင်ရန်အတွက် စီစဉ်ထားခြင်း ဖြစ်ပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ဖြေကြားခဲ့သည်။ ၎င်း တန်ဖိုးနည်းဖုန်း ကျပ် (၁) သိန်းနှင့် ကျပ် (၁၂၀၀၀၀) တန် ထွက်ရှိလာပါသော်လည်း အခြေခံလူတန်းစားများ အနေဖြင့် စဉ်းစားရမည့် အနေအထားတွင် ရှိနေကြောင်း သိရသည်။ တန်ဖိုးနည်းဖုန်းများ ထွက်လာချိန်တွင် ယခင် (၂၀၀၀၀၀) တန် ထွက်စဉ်က ရောင်းတဲ့ဆိုင်တွေမှာ တိုးဝှေ့ပြီး ဝယ်ရကြောင်း၊ အခုရောင်းမယ်ဆိုရင် ရောင်းမယ့် ဆိုင်တွေက ဝယ်သူတွေကို စနစ်တကျနဲ့ ဆိုင်အရေအတွက် များများ ရောင်းချပေးစေလိုကြောင်း ဖုန်းဝယ်ယူရန် အခက်အခဲရှိသူများက ပြောပြလို့သိရပါတယ်။
Ref: https://www.facebook.com/ayeko442 Credit to ၀င်းကမ္ဘာကျော်