ပျက်စီးသွားသော CD, DVD မှ Data များကို ပြန်ယူရအောင် (reupload)
အဲဒီအတွက် နည်းလမ်းလေးတစ်ခု မျှဝေလိုပါတယ်…. ဒီနည်းလမ်းက အချက်အလက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူးဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အချက်အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV၊ Application အစရှိသဖြင့် တော်တော်များများ ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။
1. ပထမဆုံး ဆော့ဖ်ဝဲလ်လေးတစ်ခု အရင်ဒေါင်းလိုက်ပါ….
Software Download Here
2.ရလာတဲ့ unstopcp_by_techday.rar ကို ဖြည်လိုက်ပါ…. unstopcp.exe ရလာပါမယ်… အဲဒီ unstopcpc.exe ကို run ပေးပါ။
3. မိမိ ဒေတာပြန်လိုချင်သော စီဒီကို ကွန်ပျူတာထဲ ထည့်ပါ။
4. ဖွင့်ထားတဲ့ Application မှာ Browse ကိုနှိပ်ပြီး ခွေကိုရွေးရ ပါမယ်။ ပြီးတော့ Target မှာ ကိုယ် save လုပ်ချင်တဲ့ နေရာကို ညွန်းပေးနိုင်ပါတယ်။ ယာယီအားဖြင့် Desktop ပေါ်တင်ချင်ရင်လည်း Desktop ကိုရွေးချယ်နိုင်ပါတယ်။
5. copy ကိုနှိပ်လိုက်ရင် သူ့အလိုအလျောက် ပြန်ပြီးတော့ ကော်ပီ လုပ်ပေးပြီ ဖြစ်ပါတယ်။
ဒါပေမယ့် သူ့အတိုင်းထားမယ်ဆိုရင် သိပ်နှေးနေမှာပါ…
ဒီလိုလုပ်လိုက်ရင်မြန်သွားမှာပါ..
1. ကို run ထားတဲ့ application – unstopcpc.exe က Setting Tab ကိုဝင်ပါ ။
2. Best Data Recovery နဲ့ Fastest Data Recovery ကြားထဲက ကိုလိုသ လို မြန်သချင်သလောက် တင်ပေးလို့ရပါတယ်။ အဆုံးထိတင်လည်းရ ပါတယ်။
အဆင်ပြေပါစေ….
မောင်ပေါက်
အပေါ်ကလင့် ဒေါင်းလို့မရရင် အောက်မှာ လင့်တွေတင်ပေးထားပါတယ်..
Ziddu , Zippyshare , Mediafire , SendSpace , Tusfiles, Solidfiles