AutoCAD 2010 အသုံးပြုနည်းစာအုပ်
အခြေခံမှ အဆင့်မြင့် AutoCADပညာအထိ လေ့လာလိုသူများအတွက် အလွန်အသုံးဝင်သည့်ဤစာအုပ်လေးမှာ AutoCADSoftware ကို တီထွင်သည့်Autodesk ကုမ္မဏီက AutoCAD 2010 ကို သင်တန်းကျောင်း လက်စွဲအနေဖြင့်အသုံးပြုရန်အတွက်သာ Exam Guide vol- 1 နှင့် vol-2 ဟု စာအုပ်နှစ်အုပ် ထုတ်ဝေခဲ့သဖြင့်လည်း ရှားပါးလှသည့်စာအုပ်လေး ဖြစ်ပါသည်။ မူလ စာအုပ်အတိုင်း eBook ၌ အပိုင်း ၂ ပိုင်း ပါဝင်လာမည် ဖြစ်သလို ပူးတွဲပါလာသည့် Workfilesများနှင့် ပေါင်းစပ် လေ့လာပါမှ ပိုမိုပြည့်စုံသည့် အဆင့်သို့ ရောက်ရှိလာမည် ဖြစ်ပြီး Autodesk မှ ကြီးမှူး စစ်ဆေးသည့်စာမေးပွဲသာမက ICDL CAD စာမေးပွဲ များကိုပါ ၀င်ရောက်ဖြေဆို အောင်မြင်နိုင်ရန် အထောက်အကူပြုမည် ဖြစ်ပါသည်။အသက်မွေးဝမ်းကြောင်း အတတ်ပညာ တစ်ခုအဖြစ်AutoCAD နှင့် ဆက်စပ်သော နယ်ပယ်တွင် တက်စုံရွက်စုံဖြင့် မိမိတို့၏အနာဂတ်ကို မိမိတို့ ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီး တည်ဆောက်နိုင်သူများ ဖြစ်ကြပါစေ ……. AutoCAD ကုမ္ပဏီကထုတ်တဲ့ မူလအင်္ဂလိပ်လိုရေးထားတဲ့သင်ခန်းစာတွေကို မြန်မာလိုပြန်ပေးထားတာဖြစ်ပါတယ် …AutoCAD 2010 Vol 1 & 2 မြန်မာဘာသာပြန် Ebook လေးပါ….mutdfan.com မှ အောင်ဇော်လတ် ဘာသာပြန်ထားတဲ့ စာအုပ်ပါ ……စာအုပ်ကို အခမဲ့ မည်သူမဆို ရယူနိုင်ပါကြောင်းနှင့် အခမဲ့ အနေဖြင့် မည်သည့်နေရာမှ မဆို ဆက်လက် ဖြန့်ဝေပေးနိုင်ပါကြောင်း ကိုလည်းmutdfan.com မှာပြောထားပါတယ် …အဆင်ပြေပါစေမောင်ပေါက်
Download >>> Mediafire ZippyshareCredit to:http://myosatthit-mm.blogspot.com/နဲ့ ကိုဝင်းကမ္ဘာကျော်