Huawei U8850 ကို root လုပ်နည်း

Huawei U8850 Android 2.3.7 ကိုအောင်မြင်စွာ Root လုပ်နိုင်ပါပီ…….သိပီးသားလူတွေရှိရင်လည်း ထားလိုက်ပါတော့….မသိရသေးတဲ့သူများအတွက်ပါ 2.3.5 ကိုပြန်ဆင်းပီး root စရာမလိုတော့ပါဘူး…………2.3.7 ဆလိုဗေးနီးယား firmware ကိုအခြေခံပီး root ဖောက်ထား တာပါ……(ကျွန်တော်ကိုတိုင်ဖောက်ထားတာတော့မဟုတ်ဘူးနော်) ကိုယ်တိုင်တော့ စမ်းသပ်ထား ပြီးသားဖြစ်ပါတယ် …..အောင်မြင်ပါတယ်…….ကဲစပါပီ အရင်ဆုံး firmware ဖိုင်ကိုဆွဲရပါမယ် … လင့် ၂လင့်လုံး ဒေါင်းရပါမယ်..
Part 1

Part 2

ဒီလင့် ၂ လင့်ဒေါင်းပီးသွားပီဆိုရင်တော့ firmware ကို update လုပ်ဖို့အတွက် Huawei firmware update tool ကို အောက်ကလင့်ကနေဒေါင်းလိုက်ပါ
Huawei Firmware Update tool (90.50MB)

ဒါတွေအားလုံးဒေါင်းပီးသွားရင်တော့ ပထမဦးဆုံး ဆွဲထားတဲ့ firmware file ကိုဇစ်ဖြည်လိုက်ပါ… ဖိုဒါလေးနဲ့ဘဲထားလိုက်ပါ…… နောက်ဆုံးဆွဲထားတဲ့ huawei firmware update tool ကိုဇစ်ဖြည် ပီးတော့ Computer မှာ install လုပ်လိုက်ပါ …… ၁၀မိနစ်လောက်တော့ ကြာမယ်ထင် တယ်ဗျ…….အားလုံး အင်စတောလုပ်ပီးသွားရင်တော့ ……. ဖုန်းကို ထုံးစံအတိုင်း USB Debugging On ပေါ့ဗျာ….. Unknown Source ပါအမှန်ခြစ်ပေးထားလိုက်……..usb ပေါက်ထိုးပီးတော့ ဖုန်းနဲ့ ကွန်ပြူတာကို ဆက်သွယ်ထားလိုက်ပါ…… ဖုန်းကို ကွန်ပြူတာက သိပီဆိုရင် လုပ်ငန်းစလို့ရပါပီ…..

Huawei firmware update tools ထဲက ဘောက်စ်လေးထဲမှာ အစောက ဇစ်ဖြည်ထားတဲ့ firmware ဖိုဒါထဲက Huawei.Vision.U8850.Rooted.nb0 ဖိုင်လေးကိုရွေးပေးပီးတော့
next နဲ့သာဆက်သွားလိုက်ပါတော့ သူ့ဟာသူ firmware အင်စတောလုပ်ပီး ဖုန်းကို reboot ချသွား ပါလိမ့်မယ်…….ဖုန်းပြန်တက်လာရင်တော့ super user access ရတဲ့ ဖုန်းလေး ပိုင်ဆိုင် သွားပါပြီ…….အဲ firmware အသစ် ပြန်တက်လာပီးရင်တော့ ဖုန်းကို factory data reset ချဖို့တော့ လိုပါတယ်နော်……..Setting ထဲက Privicy ထဲကနေပီးတော့ reset ၀င်ချလိုက်ပါ

(firmware) တခုလုံးကို ပြန်ပီးတင်တဲ့အတွက် မိမိရဲ့ဖုန်းကို firmware အသစ်မတင်မီမှာ ဖုန်းနံပါတ် တင်ထားတဲ့ application တွေကိုတော့ ကြိုတင် Backup ယူထားဖို့ မမေ့ကြပါနဲ့နော် ….. ကဲ U8850 ကိုင်တဲ့ သူငယ်ချင်းတွေ အားလုံး အဆင်ပြေနိုင်ကြပါစေဗျာ……..
>>>>>>>>>>>>>>>>>>>>
မိမိကိုယ်တိုင်လုပ်ဆောင်ပီးတော့ ပျက်စီးမှုတစုံတရာဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်နဲ့သက်ဆိုင်မှု
မရှိကြောင်းပါ…… ကျွန်တော်ကတော့ အခုဗားရှင်းကို အောင်မြင်အောင် ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ထားပီးကြောင်းထပ်မံပြီးတော့ အာမခံပါတယ်…….

အဆင်ပြေပါစေ..
မောင်ပေါက်

Credit to : Myanmar Mobile Application ထဲက Galay Gachay (MMUG)